Phate Sar Invitation — Create · Share · Celebrate

Privacy Policy

ကိုယ်ရေးလုံခြုံမှု မူဝါဒ

နောက်ဆုံး ပြင်ဆင်သောနေ့ — ၂၀၂၆ ခုနှစ်

၁. နိဒါန်း

ဖိတ်စာ Platform (Phate Sar Invitation) တွင် သင်၏ ကိုယ်ရေးကိုယ်တာ လုံခြုံမှုကို အလေးအနက် ထားသည်။ ဤ Privacy Policy တွင် ကျွန်ုပ်တို့ မည်သည့် data ကောက်ယူသည်၊ မည်သို့ သုံးသည်၊ မည်သူနှင့် မျှဝေသည်ကို ရှင်းလင်းဖော်ပြထားသည်။

၂. ကောက်ယူသော Data များ

Platform ကို အသုံးပြုသောအခါ အောက်ပါ data များ ကောက်ယူသည် —

  • Account: နာမည်၊ Email address
  • ဖိတ်စာ Content: ဖိတ်စာ အချက်အလက်များ၊ ဒီဇိုင်းများ
  • Guest Data: ဧည့်သည်တိုင်း၏ နာမည်၊ ဖုန်းနံပါတ်
  • Payment: ငွေပေးချေမှု screenshot (Points ဝယ်ယူချိန်)
  • Usage Data: ကြည့်ရှုမှု အကြိမ်အရေ၊ RSVP responses
  • Device Info: Browser type၊ IP address (anonymous)

၃. Data ကို မည်သို့ အသုံးပြုသနည်း

ကောက်ယူသော data များကို အောက်ပါ ရည်ရွယ်ချက်များ ဖြင့်သာ အသုံးပြုသည် —

  • ဝန်ဆောင်မှု ပေးဆောင်ခြင်း (ဖိတ်စာ ဖန်တီး၊ RSVP tracking)
  • SMS ပေးပို့ဆောင်ရွက်ခြင်း
  • Points balance စီမံခန့်ခွဲခြင်း
  • Platform ကို ပိုမိုကောင်းမွန်အောင် တိုးတက်ဖွံ့ဖြိုးစေခြင်း
  • Customer Support ပေးဆောင်ခြင်း

ကြော်ငြာ ရောင်းချရန် သို့မဟုတ် Third Party များထံ ရောင်းချရန် လုံးဝ မသုံးပါ

၄. Data မျှဝေမှု

အောက်ပါ ဖြစ်ရပ်များမှ လွဲ၍ သင်၏ data ကို မည်သည့် Third Party မျှနှင့် မျှဝေမည် မဟုတ် —

  • SMS Provider (SMSPoh): SMS ပေးပို့ရန်သာ ဖုန်းနံပါတ် ပေးပို့သည်
  • AI Service: ဒီဇိုင်း ဖန်တီးရန် ဖိတ်စာ content ပေးပို့သည် (Personal info မဟုတ်)
  • ဥပဒေ တောင်းဆိုမှု: တရားဥပဒေ လိုအပ်ချက်ကြောင့် ဖြစ်နိုင်သည်

၅. ဧည့်သည် Data

သင် ဖိတ်စာတွင် ထည့်သည့် ဧည့်သည်တိုင်း၏ နာမည်နှင့် ဖုန်းနံပါတ်များသည် SMS ပေးပို့ရန်နှင့် RSVP tracking ရန်သာ အသုံးပြုသည်။ ဧည့်သည် data များကို Platform မှ ကြော်ငြာ သို့မဟုတ် marketing ရည်ရွယ်ချက်ဖြင့် မည်သည့်ဆောင်ရွက်မှုမဆို မပြုလုပ်ပါ။

၆. Data လုံခြုံရေး

သင်၏ data ကို လုံခြုံစွာ သိမ်းဆည်းရန် Encryption နှင့် Secure Servers ကို အသုံးပြုသည်။ သို့သော် Internet မှတဆင့် data လွှဲပြောင်းမှုတွင် ၁၀၀% လုံခြုံမှုကို မည်သည့် Platform မျှ အာမမခံနိုင်ကြောင်း နားလည်ပါ။

၇. Cookies

Platform သည် User session ထိန်းသိမ်းရန် Cookies ကို အသုံးပြုသည်။ Browser Settings မှ Cookies ကို ပိတ်ထားနိုင်သော်လည်း Platform ၏ အချို့ Features များ မအလုပ်လုပ်နိုင်ဘဲ ဖြစ်နိုင်သည်။

၈. သင်၏ အခွင့်အရေးများ

သင်တွင် အောက်ပါ အခွင့်အရေးများ ရှိသည် —

  • မိမိ Account data ကို ကြည့်ရှုနိုင်ခြင်း
  • ဖိတ်စာများနှင့် ဧည့်သည် data ကို ဖျက်သိမ်းနိုင်ခြင်း
  • Account ဖျက်ခြင်း — email ဖြင့် ဆက်သွယ်ပေးပို့ပါ
  • Data ၏ မည်သို့ အသုံးပြုကြောင်း မေးမြန်းနိုင်ခြင်း

၉. ကလေးများ

ဤ Platform သည် အသက် ၁၃ နှစ်အောက် ကလေးများအတွက် မဟုတ်ပါ။ ကလေးများ Account ဖွင့်ခြင်းကို တားဆီးသည်။

၁၀. Privacy Policy ပြောင်းလဲမှု

ဤ Privacy Policy ကို ကြိုတင်အသိပေးမှုဖြင့် ပြောင်းလဲနိုင်သည်။ ဆက်လက် Platform ကို အသုံးပြုပါက ပြောင်းလဲသော Policy ကို သဘောတူပြီဟု မှတ်ယူသည်။

၁၁. ဆက်သွယ်ရန်

ကိုယ်ရေးလုံခြုံမှုနှင့် ပတ်သက်သော မေးခွန်းများ ရှိပါက —
Email: kaungmyatkyaw.dev@gmail.com
Phone / Viber: 09985305257

Made with in Myanmar  ·  © 2026 ဖိတ်စာ · Phate Sar Invitation. All Rights Reserved.